Tuesday, October 29, 2013

facebook version update

facebook version 3.9 update လေးတဲ့နော် ဒေါင်းချင်တဲ့ဘော်ဘော်များ အောက်တွင်ဒေါင်းနိုင်ပါပြီ။ ဒေါင်းရန်

Easy Touch တစ်မျိုးလေးပါ

ဒီ jogplorer (easy touch) လေးကတော့ ဖုန်းထဲမှာရှိတဲ့application & game များကို စက်ဝိုင်းပုံ ဖော်ပြပေးမှာဖြစ်ပြီး လိုအပ်သလို လှည့်ပြီးရွေးချယ်နိုင်ပါသည်။ သုံးလို့အဆင်ပြေမယ်ထင်လို့တင်ပေးလိုက်တာပါ။ကာလာ အားဖြင့်လည်း 4မျိုးပါဝင်ပါတယ်။ လိုအပ်သူများ ဒေါင်းရန်

Monday, October 28, 2013

App Protector

ဖုန်းက App တွေကို lock လုပ်ချင်တဲ့ သူတွေအတွက် .... Contacts, SMS, Gmail, Facebook, Gallery, Market, Settings, Calls ........... App အားလုံးကို lock လုပ်လို့ရပါတယ် ... password နဲ့ pattern lock ၂ မျိုးသုံးလို့ရပါတယ် .. ဒေါင်းရန်

Friday, October 25, 2013

Facebook မှာ လော့ ကျတာမှန်သမျှအကုန်ပြန်ရတဲ့  နည်းလမ်း( EBOOK )

Facebook မှာ လော့ ကျတာမှန်သမျှအကုန်ပြန်ရတဲ့  နည်းလမ်းလာပြီ။ Facebook မှာသူငယ်ချင်းတွေ အပ်များလို့ လက်ခံတာများလို့ (like ) လုပ်တာများလို့ စသည်ဖြင့်  လော့ ကျတာမှန်သမျှကိုပြန်ယူလို့ ရမဲ့ နည်းလမ်း ebook ပါ။ဖိုင်ဆိုဒ်က ( 1mb ) တောင်မရှိပါဘူးအလွယ်တစ်ကူဒေါင်းလုပ်ဆွဲပြီးအခက်အဲမှန်သမျှဖြေရှင်းနိုင်ကြပါပြီခင်ဗျာ။လေ့ လာလိုသူများ အောက်မှာဒေါင်းလုပ်ဆွဲနိုင်ပါပြီခင်ဗျာ။ ဒီပိုစ်လေးကို pdf file လုပ်ပေးခဲ့ တဲ့  ကိုလတ်(ကျွဲဆင်းနည်းပညာများစုစည်းမှူ့  ) ကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ။ password တောင်းရင် saithuthai လို့ ထည့် ပေးလိုက်ပါခင်ဗျာ။ ဒေါင်းရန်
1000kyats ပေးသုံးရတဲ့နောက်ဆုံးထွက် Frozen keyboard ကို crack ထားတာပါ ။ ၁၀၀၀ကျပ်ပေးပီး ၀ယ်စရာမလိုတော့ဘူးပေါ့ :P ကျွန်တော်လုပ်တာတော့မဟုတ်ဘူးနော် ဂရုတစ်ခုမှာ တင်တာတွေ.လို.ပြန်မ လာတာ :D နယ်က မိတ်ဆွေတွေ နဲ. နိုင်ငံခြားရောက် မြန်မာတွေ အဆင်ပြေတာပေါ့နော် အောက်မှာဒေါင်းပီး အသုံးပြုနိုင်ပါတယ်။ ဒေါင်းရန်

Android phone ထဲမှာတင်မှားဖျက်မိတဲ့ data တွေကို recovery လုပ်ပီး ပြန်ယူလို.ရနေပါပီ(for android)

Android phone ထဲမှာ မှားဖျက်မိတဲ့ ဒေတာများကို ဖုန်းထဲမှာတင် recovery လုပ်ပီး ပြန်ရှာလို.ရနေပါပီ။အရင်ကတော့ ကွန်ပြူတာနဲ.ဖုန်းနဲ.ဂျိုင်းပီးတော့ ကွန်ပြူတာကနေပီး recovery လုပ်ရပါတယ် အခုတော့ ကွန်ပြူတာနဲ.ဂျိုင်းစရာမလိုတော့ပါဘူး ဖုန်းထဲမှာတင် ဖိုင်တွေပြန်ဆယ်လို.ရနေပါပီ အလုပ်ရှူပ်တော့ သက်သာသွားတာပေါ့နော် :D အောက်က apk လေးဒေါင်းသွင်းပီး အသုံးပြုနိုင်ပါတယ် လိုအပ်တဲ့သူတွေ ဒေါင်းသွားနော် ဒေါင်းရန်

PHONE BATTERY လေးတွေကို ချစ်စရာကောင်းတဲ့ Minions လေးတွေနဲ. ပြပေးမဲ့ apk(for android)

ဒီကောင်လေးက ဖုန်းရဲ့  Battery ကို ချစ်စရာကောင်းတဲ့ Minion အကောင်လေး တွေနဲ့ ဖော်ပြပေးမဲ့ App လေးပါ။ဖုန်း Battery အနည်းအများပေါ်လိုက်ပီး Minion အကောင်လေးတွေအမျိုးမျိုးပြောင်းသွားမှာပါ။အားသွင်းထားရင်လည်း ပုံစံတစ်မျိုးနဲ့ ပြောင်းသွားမှာပါ။ဒီကောင်လေးကို widget အဖြစ် screen ပေါ် မှာထားနိုင်ပါတယ်။ပီးတော့ Minion နာရီလည်း အပိုထဲ့ပေးထားပါတယ်။ ဖုန်း Battery ရာခိုင်နှုန်းကိုအတိအကျဖော်ပြပေးမှာ ဖြစ်တဲ့အတွက် ဒီဇိုင်းဆန်းးဆန်းနဲ့ သုံးချင်သူတွေအတွက်အကြိုက်ဖြစ်ပါလိမ့်မယ်။ကဲ............အသုံးလိုရင်တော့ အောက်ကလိပ်စာမှာရယူနိုင်ပါတယ်။အဆင်ပြေပါစေ။ ဒေါင်းရန်

Frozen Zawgyi KeyPro Crack Version ဘယ်တော့မှ experia date မဖြစ်တော့ဘူး လိုချင်ရင် အောက်မှာ ဒေါင်းလိုက် . . :)

ဒေါင်းရန်

Internet လိုင်းမလို..ဖုန်းလိုင်းမလို Wifi Network မိရုံနဲ့ဖုန်းပြော Message ပို့လို့ရမယ့် APK လေးပါ

အခုကျွန်တော်တင်ပေးမှာကတော့ wifi talkie ဆိုတဲ့ Android apk လေးပါ။သူကဘယ်လို အသုံးဝင်လဲပြောရရင် Zapya apk နဲ. ပုံစံတူပါတယ် ဒါပေမဲ့ သူက ဖိုင်တစ်ခုနဲ.တစ်ခု လွှဲပြောင်းတဲ့နေရာမှာ သုံးတာမဟုတ်ပါဘူး ဖုန်းပြောလို.ရမယ် မက်ဆေ့ ပို.လို.ရမယ်ဗျာ စာသင်ခန်းထဲမှာ ဖြစ်ဖြစ် အလုပ်ထဲမှာဖြစ်ဖြစ် နီးနီးလေးနဲ. မက်ဆေ့ပို.နေရတဲ့ ကြူကြူစိန် ကိုကို မမ များအတွက် အသုံးဝင်ပါလိမ့်မယ် ဖုန်းဘေလ်မကုန်ပါဘူးအင်တာနက်မကုန်ပါဘူး (ကျွန်တော်ကြော်ငြာပေးတာပါ) ဒါလေးကိုတော့ MMUG က ကိုမင်းမင်းဆီက မလာတာပါ။ပွားတာများသွားပြီထင်တယ်နော် ....ကဲစလိုက်ကြရအောင် အသုံးပြုပုံအဆင့်ဆင့်ကို တက်နိုင်သလောက်နားလည်အောင်ပြောပြပေးပါမယ် လိုအပ်ချက်များရှိခဲ့ရင်လဲခွင့်လွှတ်ပေးကြဖို.ကြိုပြောထားပါရစေ နော်.... ဒီ apk လေးကို အသုံးပြုမဲ့ဖုန်းထဲကို အောက်မှာပေးထားတဲ့လင့်ကနေ ဒေါင်းပြီးအင်စတောလုပ်လိုက်ပါ ဆက်သွယ်ဖို.အတွက် ဖုန်းရဲ. setting>>portable Wlan hotspot ကိုအမှန်ခြစ်ပေးလိုက်ပါ။ရှင်းအောင်ပြောရရင်တော့ wifi ထောင်လိုက်ပေါ့ဗျာ မသိတဲ့လူတွေအတွက်သေချာရှင်းပြတာပါ။ အဲ့ဒီကမသွားခြင်ရင်လဲ အောက်က ပုံလေးအတိုင်းသွားလိုက်ပါ wi-fi hotspot ဆိုတဲ့နေရာကနေသွားလို.ရပါတယ် ပြီးသွားရင်တော့သူ.ကိုသွားချိတ်မဲ့ ဖုန်းကနေ Wlan ဖွင့်ပြီးရှာကြည်.လိုက်ပါ ဒီအဆင့်ကိုတော့လူတိုင်းလုပ်တက်မယ်လို.ထင်ပါတယ် ဘာ့ကြောင့်လဲဆိုတော့ coffee ဆိုင်တွေမှာ အင်တာနက်သုံးသလို သူထောင်ထားတာကို ၀င်ချိတ်ယုံပဲ.....password ခံထားရင်တော့ထည်.ပေးပေါ့ ကဲ့ဒါဆိုရင်တော့ အိုကေသွားပြီ နော် ဖုန်းနှစ်လုံး network ချိတ်ပြီးသွားပြီ......ဒီနေရာမှာပြောချင်တာက ဖုန်းနှစ်လုံးအတွက်ပဲရှင်းပြလို. နှစ်လုံးပဲသုံးလို.ရတာမဟုတ်ဘူးနော် 8 ယောက်လောက်အထိရှယ်သုံးလို.ရတယ်.... ပြီးတာနဲ.ဆော့ဝဲလ်လေး ဖွင့်လိုက်ဗျာ အောက်က ပုံလေးလိုဖုန်းအမျိုးအစားအလိုက်ပေါ်နေလိမ့်မယ် အမျိုးအစားတွေတူနေလို.ရောကုန်မှာကြောက်ရင်လဲ အောက်မှာပြထားသလို setting ထဲမှာ နာမည်ပြန်ပြင်လိုက်ပေါ့ အားလုံးပြီးသွားရင်တော့ မက်ဆေ့လဲပို.လို.ရပါပြီ ကိုပို.ချင်တဲ့ ဖုန်းကို ထောက်ပြီး မက်ဆေ့ပို.ရုံပဲဗျာ မက်ဆေ့ပို.လို.အားမရရင် ဖုန်းပါပြောလို.ရတယ် ဗျာ ခေါ်ချင်တဲ့ ဖုန်းမှာဖိလိုက် call ဆိုတာလေးကိုနှိပ်လိုက် ဖုန်းခေါ်နေလိမ့်မယ် ခေါ်ထားပြီး ဖုန်းဝင်လာရင်တောင် ၀ိုင်ဖိုင်က ဆက်အလုပ်လုပ်နေတဲ့အတွက် ဖုန်းမကျသွားဘူးဗျာ လိုင်းအားကောင်းရင် သူဘယ်သူနဲ.ဖုန်းပြောနေလဲဆိုတာပါနားထောင်လို.ရသေးတယ် ဘယ်လောက်အဆင်ပြေမလဲ ဒီလောက်ဆိုရင်တော့ အဆင်ပြေပြေသုံးတက်သွားလောက်ပြီထင်တယ် အသံလဲ ကြည်လင်ပြတ်သားပါတယ် ....လိုချင်လာပြီဆိုရင်တော့အောက်ကပေးထားတဲ့လင့်မှာဒေါင်းယူနိုင်ပါတယ်။ (ထပ်ပြောမယ်နော် mpt ကိုလဲ လုပ်ကျွေးစရာမလိုဘူး အင်တာနက်လိုင်းလဲမကုန်ဘူး ချစ်သူနဲ.လဲအဆက်အသွယ်မပျက် ဘက်ထရီမကုန်မခြင်းသာကြူကြတောဗျာ) :) ဒေါင်းရန်

TWIN ME app ကိုသုံးပြီးနှစ်ကိုယ်ခွဲဓာတ်ပုံရိုက်ကြရအောင်

Twin Me ဆိုတဲ့အတိုင်းဘယ်အရာကိုမဆိုနှစ်ကိုယ်ခွဲပေးမယ့်အရာလေးပါ။ Twin Me ပါတဲ့ကမ်မရာက နှစ်ပိုင်းခွဲထားပါတယ်။ အရင်ဆုံးဘယ်ဘက်အခြမ်းကိုအရင် ရိုက်ပြီးသိမ်းထားရပါမယ်။ ပြီးရင်ညာဘက်အခြမ်းကိုရိုက်ရမှာပါ။ မြင်ကွင်းတစ်ခုတည်းကိုပဲဘယ်ညာနှစ်ခုခွဲပြီး ရိုက်ပေးရမှာပါ။ Twin Me ကအလိုလိုနှစ်ကိုယ်ခွဲဖြစ်အောင် ဆက်ပေးသွားပါလိမ့်မယ်။ ဒေါင်းရန်

*** ဖုန်းကနေ wifi hotspot လွှင့်ပြီး ကွန်ပျူတာနဲ့ အင်တာနက်သုံးတဲ့အခါ connection ကျသွားတတ်တဲ့ ပြဿနာကို ဖြေရှင်းနည်း ***

ဖုန်းကနေ အင်တာနက်ကို wifi hotspot လွှင့်ကာ ကွန်ပျူတာနဲ့ချိတ်သုံးတဲ့ သူတွေအတွက် ဖြစ်တတ်တဲ့ ပြဿနာလေးတစ်ခု ရှိပါတယ်။ ကွန်ပျူတာနဲ့ချိတ်သုံးနေရင်း လိုင်း ခဏခဏ ကျသွားတဲ့ ပြဿနာပါ။ အထူးသဖြင့် download ဆွဲတဲ့အခါ လိုင်းကျသွားတတ်ပါတယ်။ ဖုန်းအင်တာနက်ကို ပိတ်လိုက်ပြီး ပြန်ဖွင့်လိုက်ရင် လိုင်းပြန်တက်ပါတယ်။ ဒါကြောင့် လိုင်းကျသွားရင် data ကို on / off ခဏခဏ လုပ်ပြီး အသုံးပြုနေရတဲ့ ဘော်ဒါများရှိခဲ့ရင် ဒီနည်းလေး စမ်းကြည့်စေချင်ပါတယ်။ Samsung , Sony .. နောင်ပိုင်းထွက် မော်ဒယ်မြင့်ဖုန်းတွေနဲ့ ချိတ်သုံးတဲ့အခါ ဖြစ်တတ်ပါတယ်။ Android 4.0 နှင့်အထက် ဖုန်းတွေမှာ အဖြစ်များပါတယ်။ ဒီပြဿနာက ဘာလို့ဖြစ်ရတာလဲဆိုရင် wifi hotspot ကို timer ပေးထားလို့ဖြစ်တယ်လို့ယူဆရပါတယ်။ ဒါကြောင့် wifi hotspot ကို timer ပေးထားတာကို ဖျက်လိုက်ရင် ပုံမှန်တိုင်း သုံးနိုင်တာကိုတွေ့ရပါတယ်။ ဒီနည်းလမ်းကို Admin ဖြစ်တဲ့ Mr.KT ကလိရင်းနဲ့ တွေ့ခဲ့တာပါ။ သိတဲ့သူများရှိသလို မသိတဲ့သူများလဲရှိပါမယ်။ ဒါကြောင့် မသိတဲ့သူတွေအတွက် ဖြေရှင်းနည်း ရေးပေးလိုက်ပါတယ်။ - ဖုန်း Setting ထဲကို ၀င်လိုက်ပါ။ - Tethering and portable hotspot ကို ၀င်လိုက်ပါ။ - Portable Wi-Fi hotspot ကို တွေ့ပါမယ်။ ထိုစာကြောင်းကို နှိပ်ပြီး ၀င်လိုက်ပါ။ (on/off) လုပ်ခိုင်းတာမဟုတ်ပါ။ စာကြောင်းကို နှိပ်ပြီး ၀င်လိုက်ပါ။ - Allowed devices , Configure စတဲ့ စာတန်းတွေ ပါတဲ့ setting ထဲကို ရောက်သွားပါမယ်။ ဖုန်းရဲ့ menu ခလုတ်ကိုနှိပ်လိုက်ပါ။ Timeout settings ဆိုတာ ပေါ်လာပါမယ်။ နှိပ်ပြီး ကြည့်လိုက်ရင် timer ပေးထားလား မပေးဘူးလား မြင်ရပါမယ်။ timer ပေးထားရင် Never time-out ကို ရွေးပေးလိုက်ပါ။ ဒါဆိုရင် အဆင်ပြေသွားပါပြီ။ setting ထဲ ၀င်ပုံကတော့ ဖုန်အမျိုးစားအလိုက် အနည်းငယ် ကွာခြားပါလိမ့်မယ်။ ကျွန်တော်ကတော့ Samsung setting အတိုင်း ရေးထားတာပါ။ ဖုန်းကနေ Portable Wi-Fi hotspot ကို ဖွင့်လိုက်ပြီး ကွန်ပျူတာနဲ့ချိတ်ကာ သုံးကြည့်ပါ။ လိုင်းမကျတော့တာကို တွေ့ရပါမယ်။ သေချာချင်ရင် download ဆွဲကြည့်ပါ။ download လုပ်နေလဲ လိုင်းက လုံးဝ ဂန့်သွားတဲ့ပုံစံ မရှိတော့ပါဘူး။ MPT ကနေ လိုင်းချထားရင်တော့ ကျမှာပါပဲ။ အခုနည်းလမ်းက ပုံမှန်လိုင်းကောင်းနေတဲ့အချိန်မှာပဲ အသုံးပြုနေရင်း connection ဂန့်သွားတတ်တဲ့ ပြဿနာကို ဖြေရှင်းတဲ့နည်းပါ။ ကျွန်တော်တို့လေ့လာမိသလောက် ပြန်လည်ပြောပြတာပါ။ ကျွန်တော်တို့ လက်တွေ့စမ်းကြည့်တာ အဆင်ပြေသွားပါတယ်။ wifi hotspot ချိတ်သုံးရင်း လိုင်းကျသွားလို့ ခဏခဏ အင်တာနက် အဖွင့်အပိတ်လုပ်နေရသူတွေ အခုပဲ စမ်းကြည့်လိုက်ပါ။ ကျွန်တော်တို့လဲ ပညာရှင်မဟုတ်ပါဘူး။ ရှာတွေ့တာလေး အဆင်ပြေလို့ ရေးလိုက်တာပါ။ အဆင်ပြေမယ်လို့လဲ မျှော်လင့်ပါတယ်။ အိုကေတယ်ဆိုရင် comment မှာ အိုကေကြောင်း ရေးပေးကြပါ။ တစ်ခြားနည်းလမ်းများရှိရင်လဲ ရေးပေးကြပါ။ အားလုံး ပျော်ရွှင်ပါစေဗျာ။

ဖြူးသားလေးရဲ့ ပရိတ်၊ပဌာန်းပါဠိတော် APK ဖိုင်များ

၁။ မေတ္တာပို့  နှင့် ပရိတ်ကြီး(၁၁) သုတ် For Android ဒီပလေယာ ထဲမှာ အရပ်ဆယ်မျက်နှာ မေတ္တာပို့  နှင့် ပရိတ်ကြီး(၁၁)သုတ် ကို ထည့်သွင်းထားပါတယ်။ ဖိုင်ဆိုဒ်ကတော့ ၂၀.၄၅ မီဂါဘိုက်ရှိပါတယ်။ အသုံးပြုလိုလျှင် အောက်ကလင့်ကို ကလစ်ပြီး ဒေါင်းယူနိုင်ပါတယ်။ ဒေါင်းရန်လင့် ၂။ ကြာနီကန်ဆရာတော် ဘုရားကြီး ၏ ပဌာန်းပါဠိတော်၊ ဓါရဏပရိတ်တော် For Android ဖိုင်ဆိုဒ်က တော့ 57.65 MB ရှိပါတယ်။ အောက်ပါလင့်ကို ကလစ်ပြီး ဒေါင်းယူနိုင်ပါတယ်။ ဒေါင်းရန် ၃။ ပရိတ်ကြီး (၁၁) သုတ် တရားတော် For Android မင်းကွန်းဆရာတော် ဘုရားကြီး ဟောကြားတော်မူခဲ့သော ပရိတ်ကြီး (၁၁) သုတ် တရားတော် ကို ကျွန်တော် အန်းဒရိုက်ဖုန်းအတွက် ပလေယာလေး အဖြစ် ဖန်တီးထားတာပါ။ ဖိုင်ဆိုဒ်ကတော့ ၁၀.၅၂ မီဂါဘိုက် ရှိပါတယ်။ အောက်ပါလင့်ကို ကလစ်ပြီး ဒေါင်းနိုင်ပါတယ်။ ဒေါင်းရန် အဆင်ပြေကြပါစေ။

Android ဖုန်းအတွက် IOS 7 Launcher

ဒေါင်းရန်လင့်

Welcome From Kyaiklat Mobile News

ဒီဆော့ဝဲလ်လေးကိုပြုလုပ်ရခြင်းကတော့ ကျွန်တော်တို့လို နယ်တွေမှာနေတဲ့လူတွေအတွက် နည်းပညာဖွံ့ရေးအတွက် ရည်ရွယ်ထားခြင်းဖြစ်ပါတယ်။ ဒီဘလော့ကို 8.10.2013 ရက် နေ့တွင်စတင်ခဲ့ပါတယ် ဒီဘလော့ကိုကျွန်တော်သိသလောက်မှတ်သလောက် တင်ပေးမှာပါ တတ်နိုင်သလောက်တော့ update(နောက်ဆုံးပေါ်) လုပ်ပေးသွားမှာပါ။ လုပ်နေကျမဟုတ်လို့ အမှားရှိရင်လည်းခွှင့်လွှတ်ပေးဖို့ဒီနေရာမှာတင် တောင်းပန်အပ်ပါတယ်။ကျွန်တော်တင်မည့် အကြောင်းအရာများကတော့ ဖုန်းနဲ့ပက်သက်တဲ့ နည်းပညာများ ဖုန်းအသစ်အဆန်းများရဲ့အကြောင်းများ၊ အသုံးဝင်တဲ့ application များ ၊ဆော့ဝဲလ်များ ကိုနေ့စဉ်နဲ့အမျှတင် ပေးသွားမှာပါ။လိုင်းမကောင်းတဲ့ အနေအထားမှာ တင်ရမှာမို့လို့ နည်းနည်း အခက်အခဲရှိရင်ခွှင့်လွှတ်ပါ မိတ်ဆွေတို့ အောင်မိုလ်ဘိုင်း ကျိုတ်လတ်